တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၁၀ ရက်

Friday, January 10, 2025 - 16:15

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား လုံခြုံရေး တပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ အကြမ်းဖက်သမားများက မြို့ရွာများအတွင်းဝင်ရောက်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများလုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့ရွာ များအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်မလာစေရန် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက Drone များကို အသုံးပြု၍ မီးလောင်ဗုံးများဖြင့် တိုက် ခိုက်ရာမှ လူနေအိမ်အဆောက်အဦများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ဖြစ်စဉ်ဖြစ်ရပ် မှန်ကန်မှုမရှိသည့် သတင်းမှားများဖြင့် မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။