ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၇ ရက်

Tuesday, January 7, 2025 - 15:45

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း တရားမဝင် ဝင်ရောက်၍ တိုက်ပွဲများဖော်ဆောင်လာခြင်းများကြောင့် မြို့/ရွာ များ ပျက်စီးရကြောင်းနှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ ဝင်ရောက်လာမှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအတွင်း အေးချမ်းတည်ငြိမ်မှုရှိစေရန် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။