အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်
နေပြည်တော်၊ ဇွန် - ၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီး ကျော်ကျော်သန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၄၀ စု အတွက် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။