နေပြည်တော်၊ ဇွန် -၃
ကလေးသူငယ်တို့၏ ပညာတတ်မြောက်မှုအခွင့်အလမ်းသည် နိုင်ငံတော်၏ အနာဂတ်၊ မိဘများ၏ မျော်လင့်ချက်ဖြစ်သည့်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခက်အခဲများကြားမှ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစား၍ ကျောင်းများအမြန်ဆုံးပြန်လည် ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့စီစဉ်ဆောင်ရွက်လျက်ရှိရာ NLD ပါတီကိုထောက်ခံသူ နိုင်ငံရေးအစွန်း ရောက်သူများက ကျောင်းသား၊ ကျောင်းသူများကို ပညာရည်တတ်မြောက်စေလိုမှု ထက် ၎င်းတို့၏ကိုယ်ကျိုးရှာ နိုင်ငံရေးအတွက် အောက်လမ်းနည်းဖြင့် ခြိမ်းခြောက် အကြပ် ကိုင်မှုများကို ယုတ်မာစွာ ဆောင်ရွက်လာခဲ့ရာ မျိုးရန်နောင်သိန်း ဆိုသူက အပြစ်ကင်းစင်ပြီး နုနယ်သေးသည့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ၊ ကျောင်းသားမိဘများကို အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်တွင် လူမဆန်သည့် ပြောဆိုမှုများကို ဖော်ပြပါအတိုင်း တွေ့ရှိနိုင်ပါ သည်-
အဆိုပါ Video File နှင့်ပတ်သက်၍လည်း အေးချမ်းစွာပညာသင်ကြားလို သော ဆန္ဒရှိသည့် ကျောင်းသားမိဘများက ရွံရှာစက်ဆုပ်သည့် Comment များကို လည်း တွေ့ရှိရမည်ဖြစ်ပါသည်-
၎င်းအပြင် ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆို ခဲ့မှုနှင့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုနှင့် ကလေးသူငယ်များ၏ပညာရည် တိုးတက်မြင့်မားရေးကိုလိုလားသည့် ပြည်သူများကလည်း မုန်းတီးရွံရှာစက်ဆုတ် လျက်ရှိကြောင်း သိရှိရသည်။ NLD ပါတီကိုထောက်ခံသူ နိုင်ငံရေးအစွန်း ရောက်သူများအနေဖြင့် ထိုကဲ့သို့ခြိမ်းခြောက် အကြပ်ကိုင်ခြင်းများအပါအဝင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနိုင်မှု ကို ထိခိုက်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်လက်မိုင်းဖြင့်ပစ်ပေါက်ခြင်း၊ နည်းမျိုးစုံဖြင့် အန္တရာယ်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ အကြမ်းဖက်ဆောင်ရွက်မှုများကို မလိုလားသည့် ကျောင်းသားမိဘများ၊ တာဝန်သိ ပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာသင်ကျောင်းများ အေးချမ်း စွာဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ ပညာသင်ကြား လျက်ရှိသည်ကို တွေ့ရှိရပါ သည်။
နိုင်ငံတော်၏အနာဂတ် မျိုးဆက်သစ်အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေမည့် ပညာသင်ကြားမှုကို နှောင့်ယှက်ခြိမ်းခြောက်နေသူများ၊ ထိုကဲ့သို့ ခြိမ်းခြောက်နေသူများကို ငွေကြေးထောက်ပံ့မှုပေးခြင်း အပါအဝင် ထောက်ခံအားပေးလျက်ရှိသူများအား မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းရှံ့ချကန့် ကွက်ခြင်း၊ ၎င်းအကြမ်းဖက်ခြိမ်းခြောက်နေသူများ၏ သတင်းအား ရရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့ခြင်း၊ ပူးပေါင်းဖမ်းဆီး ခြင်းများ ဆောင်ရွက်၍ မိမိတို့၏ရင်သွေးငယ်များအား လုံခြုံမှုပြည့်ဝစွာဖြင့် ပျော်ရွှင် ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။