ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့ကို ယနေ့ညနေပိုင်းတွင် အဆိုပါမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသား နေ့အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့် လည်ကြည့်ရှုကြသည်။ ထို့နောက် အာခါတိုင်းရင်းသားအဆိုရှင်များက အမျိုးသားနေ့ အဖွင့်သီချင်းအား သီဆိုကြသည်။ ၎င်းနောက် တိုင်းမှူးက နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးက မိန့်ခွန်းပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ အာခါတိုင်းရင်းသားများက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။