နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား

Friday, December 27, 2024 - 18:30

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံတစ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင် လည်း ပြဌာန်းကျင့်သုံးလျက်သည့်အခြေအနေများ၊ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတိုင်းတွင် မိမိနိုင်ငံကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့် အခြေ အနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် သတ်မှတ်ပြဌာန်းထား သည့်ဥပဒေ  သတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်သူများကိုသာ စနစ်တကျရွေးချယ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ သင်တန်းမှလေ့ကျင့်သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို လက်တွေ့စစ်မြေပြင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး နိုင်ငံတော်ကို ကာကွယ်စောင်ရှောက်ရန်လိုအပ်သည့် အခြေအနေများ၊ နိုင်ငံတော် အပေါ်သစ္စာရှိရန်၊ စိတ်ဓာတ်ကောင်းမွန်ရန်နှင့် ကျန်းမာကြံခိုင်မှုရှိအောင်နေထိုင် သွားကြရန်လိုအပ်သည့် အခြေအနေများနှင်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင် ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆို ထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စစောင့်သိရန်၊ မိမိရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုများအပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ နိုင်ငံတော် အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များအပေါ် သစ္စာ စောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော်အချင်းချင်းအပေါ်တွင် ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိမိသားစု ဂုဏ်သိက္ခာမကျအောင်၊ မိမိကြောင့် ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် ပြည်သူများထိခိုက်နစ်နာမှု မရှိအောင် ပြုမှုဆက်ဆံနေထိုင်ခြင်းပင် ဖြစ်ကြောင်း။

  တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်း ရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ် စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း။

 တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင်ထမ်းဆောင်သွားကြရန် လိုကြောင်း၊ ထို့ပြင် လေ့ကျင့်သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာများကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့်အညီ အမြဲမပြတ်လေ့လာ လေ့ကျင့်လိုက်နာသွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို  ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား လေ့ကျင့် ပေးခဲ့ပြီး သင်တန်းဆင်းနိုင်ငံသားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့ စစ်မှုထမ်း သင်တန်းဆင်းများအနက်မှ အချိန်တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ် သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရ ကြောင်း။

သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် တာဝန် ထမ်းဆောင်ကြရာတွင်လည်း သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချသွားကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ကိုလည်း လိုက်နာသွားကြရမည် ဖြစ်ကြောင်း၊ တာဝန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ  သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများကို  အပြည့်အဝ အသုံးချသွားကြရန်လိုကြောင်း။

အလွှာပေါင်းစုံမှ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြသူများ ဖြစ်သော်လည်း ယခုအခါ တူညီသော ယူနီဖောင်းကို ဝတ်ဆင်၍ သင်တန်းကျောင်းများအလိုက် အရောင်အသွေးတူ၊ အတွေးအမြင်၊ယုံကြည်ချက်၊ ခံယူချက်တူညီအောင် လေ့ကျင့်ပေး လိုက်ပြီဖြစ်၍ တပ်မတော်သားဘဝကို ဂုဏ်ယူစွာဖြင့် ပေးအပ်လာသည့် မည်သည့် တာဝန်မျိုးကိုမဆို ကျေပွန်စွာထမ်ဆောင်နိုင်သော နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းရတနာများ၊ မိသားစုက လေးစားတန်ဖိုး ထားရသည့် သူရဲကောင်းများအဖြစ် ကျင့်ကြံနေထိုင်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံ တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှု အခြေ အနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများအား ရင်းရင်း နှီးနှီး လိုက်လံမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။      

          ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည်တပ်နယ်အတွင်း မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး ရဲမေ၊ မိသားစုဝင်များကို အိမ်ထောင်သည် လိုင်းခန်းများအလိုက် ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက် အားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့် မူကြိုကလေးငယ် များအတွက် အာဟာရဖြည့် ဖြည့်စွက်စာများ တိုက်ကျွေးနိုင်ရန် ထောက်ပံ့ချီးမြှင့် ငွေများ ပေးအပ်သည်။

အလားတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများသည် သက်ဆိုင်ရာ ကွပ်ကဲမှုအလိုက် တပ်ရင်း/တပ်ဖွဲ့များသို့ လိုက်လံ ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။