ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၂

Sunday, December 22, 2024 - 14:45

                 ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း ကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆို ခဲ့ကြသည်။

                 အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သား ကောင်းရတနာများအား  လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ၊  လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။