‌ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာတို့ကို လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်

Saturday, December 21, 2024 (All day)

              မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်း ရွာတို့ကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

              အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်း ပြည်သူများအေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဗုံးကြဲ တိုက်ခိုက်မှုများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံ အားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှုမရှိသည့် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။