နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)က တာဝန်ယူ ဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ၃၅၀ ပေ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူကွန်ကရစ် တံတားတည်ဆောက်နေမှုအား ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
အဆိုပါ တံတားအား ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ မှစ၍ ဆောက်လုပ် လျက်ရှိရာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ် ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အရှည် ၁၉ မိုင် ၃ ဖာလုံရှိ ကျိုင်းတုံ-လွိုင်မွေ သွားကားလမ်းအား ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် တောင်တက်လမ်းများ ချောမွေ့စွာသွားလာနိုင်ရေးအတွက် အကျယ် ၁၂ ပေမှ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။