တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး ၁ ဦးကို နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အင်းဇောက်ကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် PDF အမည်ခံအကြမ်းဖက်သမားများကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းမရှိဘဲ တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက မြေပြင်ဖြစ်စဉ်များနှင့်ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။