၂၀၂၄ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ - ၁၅

Sunday, December 15, 2024 - 17:15

            ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာန ချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်း လမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်း များ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များ အလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌ လည်း ကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ် စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေး တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး အနီး၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။

            အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲများတွင် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများ၌ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။