မတ္တရာမြို့နယ်ရှိ စကျင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့်  ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ဒီဇင်ဘာ ၁၃

Friday, December 13, 2024 - 14:45

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့မှုကြောင့်  ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုက်မမှန်ရေးသား ဖြန့်ဝေနေကြောင်းသိ  ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမျိုးမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်း စုဝေးနေသော နေရာများကိုသာ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်းမရှိကြောင်း၊ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်များကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များအနေဖြင့်  ၎င်းတို့အပေါ် ထောက်ခံ အားပေးမှုမရှိသည့် ပြည်သူများကို အကြောက်တရားဖြင့် အုပ်ချုပ်မူရယူနိုင်ရန်အတွက် ကျေးရွာများအား မီးရှို့ဖျက်စီးခြင်း၊ ပြည်သူများအား ရက်ရက်စက်စက်  သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက  အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် နယ်မြေအေးချမ်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ  မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။