အုတ်ဖိုမြို့နယ် ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဒီဇင်ဘာ ၉

Monday, December 9, 2024 - 18:30

          ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို ဒီဇင်ဘာ ၈ ရက်က မီးရှို့ဖျက် ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်နေ့က ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက် ကျေးရွာတို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်း၊ အဆိုပါကျေးရွာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုတဲ့ သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း သိရှိ ရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှား များဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။