ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဒီဇင်ဘာအားကစားလ၊ လူထု အားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၁၂၅၂ ဦးခန့် သည် ကျိုင်းတုံမြို့ ကျောက်တိုင်အဝိုင်းမှ ကျိုင်းတုံ-တောင်ကြီး လမ်းအတိုင်း နောင်တုံကန် ပတ်၍ မဟာမြတ်မုနိဘုရားအဝိုင်းမှ ကျိုင်းတုံမြို့နယ် အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည်။
ထို့နောက် ကျိုင်းတုံမြို့နယ် အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လှုပ်ရှားမှု များပြုလုပ်ကြပြီး စုပေါင်းလမ်းလျှောက်ပွဲအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။