၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၇)ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ၊ အာဆွန်စီယွန် မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ် ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေး အတွက် အဓိက ပါဝင်ကူညီပံ့ပိုးပေးခဲ့သော ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့် ဆောင်ရွက်ပံ့ပိုး ပေးခဲ့ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၊ ပုဂံမြို့အာနန္ဒာ မြတ်စွာဘုရားကြီး ၏ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီအစည်းအရုံး၊ မြန်မာနိုင်ငံပန်းပုအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enterprise Limited၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်(ရန်ကုန်)၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး စောင့်ရှောက်ရေးအဖွဲ့ (ဗဟန်းမြို့နယ်)၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူစေတနာ သွေးလှူရှင်အသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် အသင်းအဖွဲ့များ၊ ကူညီပံ့ပိုးသူများ အားလုံးတို့အားလည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန်မှတ်တမ်းများနှင့် နောက်ခံစကားပြော ပံ့ပိုးကူညီ ဆောင်ရွက်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲ များတင်သွင်းရာတွင် လိုအပ်သည့် ဘာသာပြန်ဆို ဆောင်ရွက်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပြင်သစ်ဘာသာ ဌာနအားလည်းကောင်း၊ အဆိုပြု စာတွဲတင်သွင်းရေးအတွက် သတင်းနှင့်နည်းပညာ အချက်အလက် များ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား လည်းကောင်း၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော် ကိုစတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှ ယနေ့အထိ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် မြန်မာ ပြည်သူ၊ ပြည်သားအပေါင်းတို့အားလည်းကောင်း ဤစာဖြင့်ဖော်ပြရာတွင် မပါဝင်ခဲ့သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက်ပေးသူများ အားလုံးတို့ကိုလည်းကောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူး ဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန