အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံနှင့်သဟဇာတဖြစ်နိုင်မည့် ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရေးအတွက် လေ့လာတွေ့ရှိချက် များနှင့် မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ညှိနှိုင်း ဖြေရှင်းသွားနိုင်ရေး၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲများ ပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး ဝါဒများ ထွန်းကားလာစေရေး၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့မှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက် များအပေါ် နိုင်ငံရေး ပါတီများနှင့်ဆွေးနွေးမှုအခြေအနေများ၊ NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြည်သူလူထုအကြား ပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်မှန်းချက် နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ NSPNC ၏ ဖွဲ့စည်းမှု၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်မှုအခြေအနေများ၊ NSPNC နှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေး ပါတီများ ခိုင်မာအားကောင်းလာစေရေးနှင့် ပါတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးကိစ္စ တို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် နိုဝင်ဘာ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ် ၆ ဦးက အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူးများ၏အခန်းကဏ္ဍ၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည် ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်အာဏာခွဲဝေမှုနှင့် အခွန်အခ ခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ဒေသတွင်း အတွေ့အကြုံများ၊ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ခေတ်မီနိုင်ငံတစ်ခု အတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေနေထိုင်ခြင်း ခေါင်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်း၍ အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း) က ကော်မတီနှင့် နိုင်ငံရေးပါတီအစု အဖွဲ့များ၏ အလုပ်အဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိခဲ့သည့်အချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅ ဦးက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားများ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားကြပြီး တွေ့ဆုံပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။
PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1260 of /home/dsinfo/web/dsinformation.org.mm/public_html/includes/bootstrap.inc).
Uncaught exception thrown in shutdown function.
PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 9221786216751bfb5c8d4a8.66756839 ) in lock_release_all() (line 269 of /home/dsinfo/web/dsinformation.org.mm/public_html/includes/lock.inc).