နွားထိုးကြီးမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံပြည် ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ - ၅

Thursday, December 5, 2024 - 15:30

          မန္တလေးတိုင်း‌ဒေသကြီး နွားထိုးကြီးမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက် ရှိသည်။

          အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေး  တာဝန်ရှိသူတစ်ဦး အား ဆက်သွယ်မေးမြန်းခဲ့ရာ အကြမ်းဖက်သမားများသည်  ဒေသကောင်းစား ရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် လက်နက်အားကိုးဖြင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသူများအား ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက်ခြင်း များနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများက သိရှိလာပြီဖြစ်သဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အစွန်းရောက်လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ ပြည်သူ များစိုးရိမ်ထိတ်လန့်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုအကြား သွေးကွဲစေရန် ရည်ရွယ်၍ ယခု ကဲ့သို့အခြေအမြစ်မရှိသည့် သတင်းများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာ ဖြစ် ကြောင်းသိရသည်။