ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု‌ကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊

Tuesday, December 3, 2024 - 16:45

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ဦးတို့ သေဆုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းမဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ(၂) ရက်နေ့တွင် အကြမ်းဖက်သမားများသည် ကျေးရွာဝန်းကျင်မှနေ၍ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိကာ ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အထက်ပါသတင်းသည် အကြမ်းဖက်သမားများ၏ လူမဆန်သည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သိရသည်။