နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာ ၃

Tuesday, December 3, 2024 - 16:45

၂၀၂၄ ခုနှစ်၊     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂ (MICC-II) ၌  ကျင်းပရာ မသန်စွမ်းသူများ၏    အခွင့်အရေးများဆိုင်ရာ    အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများ၊  ဒုတိယဝန်ကြီးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော် မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊  နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊    မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

              ဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပူပေါင်းပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်နှင့် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို အများပြည်သူသိရှိနား လည်စေရန်အတွက် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂက ဦးဆောင်မှုနှင့် ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်လည်း အပြည် ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ၁၉၉၄ ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၁)ကြိမ် မြောက် ကျင်းပခြင်း ဖြစ်ကြောင်း။

              ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်သည် “Amplifying the leadership of persons with disabilities for an inclusive and sustainable future” အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေးဖြစ်ကြောင်း။

              ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၂၀၀ အနက် ၁၆ ရာခိုင်နှုန်းဖြစ်သော သန်းပေါင်း ၁၃၀၀ ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးရှိသူများဖြစ်ကြကြောင်း၊ ၂၀၁၉ ခုနှစ် ကြား ဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည့် ၅ ဒသမ ၉ သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်းကိုတွေ့ရှိရကြောင်း၊ ကမ္ဘာတွင် သာမက မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူဦးရေ အချိုးအစား ကြီးကြီးမားမား ရှိနေ သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

              မသန်စွမ်းသူများ၏ဘဝတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအတား အဆီးများ၊ တန်းတူညီမျှ ရပိုင်ခွင့်များ၊ ပူးပေါင်းဆောင်ရွက်မှု စသည့် စိန်ခေါ်မှုများကို လူသားအားလုံးက လက်တွေ့ကျအောင် ဖြေရှင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူလူချင်းတူသော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းအားနည်းနေသူများကို စာနာထောက်ထားဖေးမကူညီပြီး မသန် သော်လည်း စွမ်းဆောင်ရည်ပြည့်ဝသည့်၊ လောကအကျိုးကို သယ်ပိုးနိုင်သည့် လူသား တစ်ဦး ဖြစ်လာအောင် ကူညီအားပေးကြရန်လိုအပ်ကြောင်း။

              ထို့ကြောင့် အားလုံးအကျုံးဝင်ပါဝင်နိုင်ပြီး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ကျန်ရစ် နေသည်မျိုးမရှိအောင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် အားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး မသန်စွမ်းသူများကို ဦးဆောင် သည့် အခန်းကဏ္ဍများတွင် နေရာပေးဆောင်ရွက်ပေးကြရန်လည်း လိုအပ် ကြောင်း၊ မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှု များအပေါ် နားလည်လက်ခံ နိုင်စွမ်းကို ဖော်ဆောင်ပေးရာလည်း ရောက်ကြောင်း။

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRPD)”ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများအရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၂၀၁၅ နှင့် နည်းဥပဒေများ ၂၀၁၇ တို့ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်း ထားရှိပြီး မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ပေးလျက်ပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော် မတီ(၉) ခုကို ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း။

                   မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍကို ဦးစားပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၆ခုနှစ် လေ့လာဆန်းစစ်ချက်များအရ မသန်စွမ်းသူ ကလေးသူငယ် နှစ်သိန်းသုံးသောင်း ခန့်ရှိပြီး အဆိုပါအထဲက ကလေးသုံးဦးတွင် နှစ်ဦးသည် ကျောင်းမတက်ကြဘဲ ၃၆ ရာခိုင် နှုန်းခန့်သာ စာရေးစာဖတ်နိုင်ကြောင်းသိရကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် မသန် စွမ်းသူများအတွက် ပညာရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် တက် ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက် နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအပေါ် ခွဲခြားမှုမရှိသော သင်ရိုးညွှန်း တမ်းနှင့် အလေ့အကျင့်များ ကျင့်သုံးခြင်း၊ အထူးပညာရေး ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင် ကြားမှု၊ သင်ယူမှုပြုနိုင်ရန်အတွက် လိုအပ်သော နည်းပညာနှင့် သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။

              အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အများပြည်သူ ဆိုင်ရာနေရာများအဆောက်အဦများကို မသန်စွမ်းသူများအသုံးပြုနိုင်ရေး စီစဉ်ဆောင် ရွက်ခြင်း၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များတွင်မသန်စွမ်းသူများ လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ သတင်းအစီအစဉ်များတွင် Sign Languageနှင့် ပြသခြင်းများ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်း အမှတ်အခမ်းအနားများတွင်လည်း မသန်စွမ်းသူများ အတားအဆီးမဲ့ခရီးသွား လာနိုင် အောင် ဆောင်ရွက်ပေးမှုအတွက် ဂုဏ်ပြုဆုကို နှစ်စဉ်ထည့်သွင်း ချီးမြှင့်ပေးလျက်ရှိ ကြောင်း။

              မသန်စွမ်းသူများသည် အများနည်းတူ ရာနှုန်းပြည့် ကျန်းမာသန်စွမ်းမှု မရှိသော်လည်း ၎င်းတို့၏ ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် အစိတ် အပိုင်းနှင့်ကိုက်ညီသည့် လှုပ်ရှားဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင် နိုင်ရန် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ စီမံဆောင် ရွက်ပေးမည်ဆိုပါက မသန်စွမ်းသူများ၏ စိတ်အားငယ်မှု၊ သိမ်ငယ်မှုများပပျောက်စေပြီး မသန်သော်လည်း စွမ်းသည့် စွမ်းဆောင်ရှင်များအဖြစ် လောကကို တတ်အားသမျှ အကျိုးပြုနိုင်သူ များဖြစ်လာအောင် အားပေးဂုဏ်ပြုမြှင့်တင်သွားကြရန် တိုက်တွန်းလို ကြောင်း။

              မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင် နိုင်ခြင်းဖြင့် လူမှုရေးပိုင်းဆိုင်ရာ အကျုံးဝင်မှုသာမက စီးပွားရေးအကျုံးဝင်မှုပါ ရရှိပြီး အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ မသန်သော်လည်း စွမ်း ဆောင်ရည်ရှိသူများဖြစ်ကြောင်း နားလည်လက်ခံပြီး မသန်စွမ်းသူများကို အဖွဲ့အစည်း များတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်သည့်နေရာများတွင် တာဝန်ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

              မသန်စွမ်းသူအားလုံး လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် နိုင်ရန် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် ၂၁ ခုတွင် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ ရာတွင် ယနေ့အထိ ၅၉၃၇ ဦး မသန်စွမ်းမှတ်ပုံတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူ များအပေါ် ထားရှိသည့် မကောင်းမြင်စိတ်နှင့် လွဲမှားသောအယူအဆ အတွေးအမြင်များ ပပျောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း  ဆောင်ရွက်ပေး ကြရန်လိုကြောင်း။

              ထို့ပြင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရာတွင်လည်း မသန်စွမ်း သူများအနေဖြင့် အများတကာတွေထက် ပိုမိုထိခိုက်ခံစားရကြောင်း၊ ထို့ကြောင့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်း စား ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သကဲ့သို့ မသန်စွမ်းသူများပါဝင်သော သဘာဝဘေး အန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။

              မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးရာတွင် မသန်စွမ်းသူများ ကိုယ်တိုင် နှင့် မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အထူးလိုအပ်ကြောင်း၊ ထို့ပြင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိ ရောက်ရောက် ဆောင်ရွက်ကြရန် အသိပေး ပြောကြားလိုကြောင်း။

              ယခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဦးတည်ချမှတ်ထားသော အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေးဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ ခေါင်းဆောင်မှု စွမ်းရည်မြင့်တက်စေခြင်း၊ ဦးဆောင်သည့်ကဏ္ဍများတွင်  ပါဝင်စေခြင်းနှင့် မသန်စွမ်း သူများ၏ အမြင်နှင့်သဘောထားကို အလေးထား ထည့်သွင်းပေးခြင်းတို့ဖြင့် မသန်စွမ်း သူများ၏ အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်ပေးကြရန် တိုက် တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်  အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင်    ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို   ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က  အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလာရေးဂုဏ်ပြုဆု ရရှိကြ သူများကိုလည်းကောင်း၊  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး   ဒေါက်တာစိုးဝင်း က အလုပ်အကိုင် အခွင့်အလမ်းဂုဏ်ပြုဆုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေအပ်ကြသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာ   မသန်စွမ်းသူများနေ့   အထိမ်းအမှတ် ဗီဒီယို မှတ်တမ်း တို့ကို ပြသပြီး  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ   အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ  ဦးသိန်း ဟန်သူ  က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ  “စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်” သီချင်းနှင့်အတူ ဘီးတပ်ကုလားထိုင်ဖြင့် စွမ်းရည်ပြ ကပြဖျော်ဖြေ ကြသည်။

 ယင်းနောက်  ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကလေးငယ်များက “စိတ်ဓာတ်ခွန်အားရွက်လွှင့်ထား” တေးသီချင်းဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ မသန်စွမ်းကလေးများက “ရေအိုးယိမ်း” တေးသီချင်း ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင် ဆက်ကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သီဆိုကပြဖျော်ဖြေခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့်    မသန်စွမ်းသူများ နှင့်   သက်ဆိုင်သော စာအုပ်များ၊ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ် ဓာတ် ပုံ ပြခန်းများကို ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။