စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ စျေးသည် အမျိုးသမီး ၂ ဦး နှင့်ပလိုင်းကျေးရွာမှစျေးသည် အမျိုးသမီး ၁ ဦးတို့မှ နိုဝင်ဘာလ ၂၉ရက်တွင် ရွှေဘိုမြို့ပေါ်၌ စျေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့် လာရောက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်လိုင်စင်မရှိ၍ ဈေးဝယ်ရန် ပါလာသည့် ငွေကျပ် သိန်း ၃၀ နှင့် ဆိုင်ကယ်များအား သိမ်းဆည်းသွားကြောင်း၊ ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိ ပေး၍ ပြန်လည်ရွေးယူရကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်ခိုအောင်မှုမရှိစေရေးနှင့် ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေးအတွက် လုံခြုံရေးစစ်ဆေးဆောင်ရွက်မှုများရှိသော်လည်း လုံခြုံရေး နှင့်မသက်ဆိုင်သည့် ကိစ္စများကို ဆောင်ရွက်ခြင်းမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်၊ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်သမားများ လွယ်ကူစွာဝင်ထွက် သွားလာနိုင်စေရန်အတွက် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။