၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁

Sunday, December 1, 2024 - 15:45

            ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပ ပြုလုပ်ကြသည်။

            ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင်   အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက် ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီ ကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီး အနီး၌လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်နယ်များအလိုက်  စုပေါင်းလမ်း လျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့နှင့် တပ်နယ်စစ်ရေးပြကွင်း များ၌ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။