လယ်ဒိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက်

Thursday, November 28, 2024 - 15:00

ပဲခူးတိုင်းဒေသကြီး၊ လယ်ဒိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးနှင့် လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ သတင်းမှားသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း၊ အဆိုပါမြို့နယ်အနီးရှိ ကျေးရွာများတစ်ဝိုက်၌ အကြမ်းဖက်သမားများ တရားမဝင် ဝင်ရောက် ခိုအောင်းနေထိုင်လျက်ရှိကြောင်းရှိ တာဝန်သိပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ လာရောက်လုပ်ဆောင်စဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူအချို့ ထိခိုက်၊ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်းနှင့် တရား မဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ် များကို ဖုံးကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ သတင်းအမှားများအား ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။