မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၅၇  / ၂၀၂၄) ( ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ   ၂၇    ရက် )

Wednesday, November 27, 2024 - 16:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၅၇  / ၂၀၂၄)

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်   ၁၂    ရက်

( ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ   ၂၇    ရက် )

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။       မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ထ)ကို အောက်ပါအတိုင်းအစားထိုးရမည် -

“(ထ)  အသင်းဆိုသည်မှာ မြန်မာနိုင်ငံစာရင်းကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဤဥပဒေအရ တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားသော စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း သို့မဟုတ် ယင်းအသင်းကိုဆက်ခံသည့် အဖွဲ့အစည်းကိုဆိုသည်။”

၃။      မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ကို အောက်ပါအတိုင်းအစားထိုးရမည် -

          “၄။     ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

(က)

ပြည်ထောင်စုစာရင်းစစ်ချုပ်

ဥက္ကဋ္ဌ

(ခ)

ဒုတိယစာရင်းစစ်ချုပ် 

ဒုတိယဥက္ကဋ္ဌ(၁)

(ဂ)

အသင်းဥက္ကဋ္ဌ 

ဒုတိယဥက္ကဋ္ဌ(၂)

(ဃ)

တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များ

အဖွဲ့ဝင်

(င)

ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဖွဲ့ဝင်

(စ)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန

အဖွဲ့ဝင်

(ဆ)     

ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

(ဇ)

ညွှန်ကြားရေးမှူးချုပ်

စစ်ဆေးရေးဦးစီးဌာန

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

အဖွဲ့ဝင်

(ဈ)

စီးပွားရေးတက္ကသိုလ်များမှ ဦးထက်မပိုသော ပါမောက္ခချုပ်များ

အဖွဲ့ဝင်

(ည)

အသင်းမှ ကိုယ်စားလှယ် ဦး

အဖွဲ့ဝင်

(ဋ)

ဒုတိယဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

အဖွဲ့ဝင်

(ဌ)

ဦး ထက်မပိုသော သင့်လျော်သည့် နိုင်ငံသား

စာရင်းပညာရှင်များ

အဖွဲ့ဝင်

(ဍ)

ညွှန်ကြားရေးမှူးချုပ်(အမြဲတမ်းအတွင်းဝန်) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

အတွင်းရေးမှူး

(ဎ)

ညွှန်ကြားရေးမှူးချုပ် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

တွဲဖက်အတွင်းရေးမှူး(၁)

(ဏ)

အသင်းအတွင်းရေးမှူး                                                              

တွဲဖက်အတွင်းရေးမှူး(၂)”

 

၄။      မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၁၂ တွင် -

          (က)    ပုဒ်မခွဲ (ဆ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

                   “(ဆ) ကောင်စီတွဲဖက်အတွင်းရေးမှူး(၁)       တွဲဖက်အတွင်းရေးမှူး(၁)”

          (ခ)    ပုဒ်မခွဲ (ဆ)၏နောက်၌ ပုဒ်မခွဲ(ဇ)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

                   “(ဇ) ကောင်စီတွဲဖက်အတွင်းရေးမှူး(၂)         တွဲဖက်အတွင်းရေးမှူး(၂)”

 

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ