မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် နှောကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ် ၂၀၀ နီးပါး ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် ဒေသခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာ RFA Burmese က သတင်းတု၊သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ပခုက္ကူမြို့နယ်အတွင်းနယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းရက်တွင် အဆိုပါကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါ သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်လျှက်ရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများကသာ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ လုပ်ရပ် များကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားကာ ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။