ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်(၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊  သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၁၄

Thursday, November 14, 2024 - 16:15

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ(၁၃) ရက်က နေအိမ်(၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှား များ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ကန့်ဘလူမြို့နယ်အတွင်း ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်နှင့် အကြမ်းဖက်သမားများ ခိုအောင်နေထိုင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို တရားမဝင် ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်းလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။