ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ နေပြည်တော် နိုဝင်ဘာ ၁၄

Thursday, November 14, 2024 - 15:45

ပုသိမ်မြို့ ချောင်းသာကမ်းခြေသို့ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရှားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှု အနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား-မြန်မာ ချစ်ကြည့်ရေး အထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရှားပြည်နယ်အကြီးအကဲ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည်တွင် ပုသိမ်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိများနှင့် ကျောင်းသားကျောင်းသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ညပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဘူရားတီးရှားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Aureum Palace Hotel ၌ ညစာဖြင့် တည်ခင်းဧည်ခံသည်။

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်မြတ် ကြီးအား ဖူးမြော်ကြည်ညို လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများကပ်လှူပူဇော်ကာ အလှူငွေများပေးအပ်လှူဒါန်းကြပြီး ရတနာ ဆင်ဖြူတော်များအား အဟာရဖြည့်စွက်စာများကျွေးမွေး ခဲ့ကြကြောင်းသိရသည်။