၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
နေပြည်တော် ဇွန် ၁
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက်သင်ခန်းစာများ သင် ကြားပို့ချပေးလျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများသည်လည်း ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ပေါင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းရှိ ကြောင်း သိရှိရသည်။
ထို့အတူတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်များတွင် လည်း ကျောင်သား/ကျောင်သူများက ကိုဗစ် ၁၉ စည်ကမ်းချက်များအညီနှင့်အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသူ /ကျောင်းသားများအား ရင်းရင်းနှီးနှီး အာပေးစကားပြောကြားသည်။
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်နှင့် ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူ များအား နှာခေါင်းစည်းများနှင့် Face Shield များ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်ပေးကြသည်။
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာယာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က မူလတန်း အဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်းစီ၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂) ချောင်းစီ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများတစ်ဉီးလျှင် ပြန်လည်အသုံး ပြုနိုင်သည့် Mask (၂)ခုစီ၊ Face Shield (၁) ခုစီတို့ကို ပံ့ပိုးထောက်ပံ့ပေးကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ် အန္တရာယ် နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင် ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။