ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် နိုဝင်ဘာ ၁၁ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လမ်းသွားလမ်းလာ ဆိုင်ကယ်များကို တားဆီး စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး လူငယ်အမျိုးသား ၂၀ ခန့်ကို ပြည်သူ့စစ်မှုထမ်းဆောင်ရန် ဖမ်းဆီး စုဆောင်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဥသျှစ်ပင်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းရက်နေ့တွင် ဥသျှစ်ပင်မြို့အတွင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးအရစစ်ဆေးခြင်များ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။