မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲများကို တိုင်းစစ်ဌာနချုပ်များတွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တို့ရှိ သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တက်ရောက် လာကြသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံမှ ကထိန်အနုမောဓနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင်များဆက်ကပ် လှူဒါန်းကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် နဝကမ္မအလှူငွေကျပ် ၂၁၄ သိန်း ကျော်နှင့် ငွေကျပ် ၃၃၃ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၃၆ ခုကို လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေ၊ စုစုပေါင်း ငွေကျပ် ၅၇၁ သိန်းကျော်တန်ဖိုးရှိ ပဒေသာပင်(၃၅)ခုကို လည်းကောင်း သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။