ငါးဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ နေပြည်တော်၊ အောက်တိုဘာ ၂၈

Monday, October 28, 2024 - 15:30

          မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာကို အောက်တိုဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ရဲပဒိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာအကြား နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရဲပဒိုင်းကျေးရွာအတွင်းမှ PDF အမည် ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအနီးတွင် တိုက်ပွဲများဖော်ဆောင် ပြီး ၎င်းတို့ ထွက်ပြေးလွတ်မြောက်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အတွက် ပြည်သူများ၏ နေအိမ်များအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီးနေသည်ကို တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။