စစ်ကိုင်းတိုင်းဒေသကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများရှိ ဒေသခံများကို ပြန်ပေးဆွဲငွေညှစ်မှု၊ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုများ ပြုလုပ်နေကြောင်း၊ ကားများကိုလည်း သိမ်းဆည်းကာ စျေးနှုန်းအမျိုးမျိုးဖြင့် ပြန်ရွေးခိုင်းနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသား ထုတ်လွှင့်လျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာမဟုတ်မမှန်လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် ခရီးသွားပြည်သူများအေးချမ်းစွာခရီးသွားလာနိုင်ရေးအတွက် လုံခြုံရေးအရစစ်ဆေးဆောင်ရွက်ခြင်းများသာ ပြုလုပ်လျက်ရှိကြောင်းနှင့် တရား မဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး ဆောင်ရွက် နေမှုများအား အနှောင့်အယှက်ဖြစ်စေရန်နှင့် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများ လုပ်ကြံ ရေးသား ဝါဒဖြန့် ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ပြန်ပေးဆွဲငွေညှစ်မှုများ ပြုလုပ်နေကြောင်း မဟုတ်မမှန်ရေးသား ထုတ်လွှင့်လျက်ရှိ ¬နေပြည်တော် အောက်တိုဘာ ၂၅
Friday, October 25, 2024 - 18:00