မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက ကုန် သိုလှောင်ရုံနှင့် ဂိုဒေါင်များဝင်ဖောက်ခြင်း၊ တရားဝင်တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများလှုံ့ဆော် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ မန္တလေးမြို့အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လုံခြုံရေးပူးပေါင်း အဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးစစ်ဆေးခြင်းမရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများ အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ဥပဒေနှင့်အညီသာ တားဆီး စစ်ဆေးကြပ်မတ်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အခြေ အမြစ်မရှိသည့် သတင်းအမှားများဖြင့် ပြည်သူလူထုအား သတင်းအဆိပ်ခတ်နေခြင်း သာဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်ခြင်း၊ တရားဝင် တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
Thursday, October 24, 2024 - 16:30