ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲရေးသား လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ အောက်တိုဘာ ၁၇

Thursday, October 17, 2024 - 15:45

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အောက်တိုဘာ ၁၇ ရက် ယနေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ ဖျက်ဆီးနေသည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမ ဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ယနေ့နံနက်ပိုင်းက စီပါကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်များမီးလောင် ပျက်စီးခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း၊ ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက် ကြီးပစ်ခတ်မှုကြောင့် စီပါကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ကို ဖုံးကွယ်ပြီး နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် အတွက် မြေပြင်ဖြစ်စဉ်နှင့်လွှဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။