နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ နေပြည်တော်၊ မေ - ၃၀

Sunday, May 30, 2021 - 16:00

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၃၀

         နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမရပ်နေ မဖွေးသူအောင်(ဘ)ဦးကျော်သိန်းသည် ၎င်း၏ Pan Ei Phyu Facebook account ဖြင့် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေခြင်း၊ တရားမဝင် အဖွဲ့ အစည်းဖြစ်သည့် CRPHနှင့် NUG အား ထောက်ခံသည့်စာသာများရေးသားခြင်း၊ Non CDM နိုင်ငံဝန်ထမ်းများအား Social Punishment ပြုလုပ်ခြင်း၊ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ်စေရန်နှင့် ပြစ်မှုကျူးလွန်လာစေရန် သွေး ထိုးလှုံ့ဆော်ရေးသားခဲ့သဖြင့် ၎င်း၏နေအိမ်၌ မေ ၂၉ ရက်တွင် ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ပြီး မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။