ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပပြန်သူအချို့ ရန်ကုန် လေဆိပ်၌ ဖမ်းဆီးခံရဟုသတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော် အောက်တိုဘာ ၁၅

Tuesday, October 15, 2024 - 16:00

ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ် အကိုင်အဆင်မပြေ၍ ပြန်လာသူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အဆက် အသွယ်ပြတ်တောက်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူတစ်ဦး၏ ပြောပြချက်အရ ပြည်ပမှပြန်ဝင်လာသူများကို သက်မှတ် ထားသည့် စည်းကမ်းချက်များအတိုင်း စစ်ဆေးမှုများသာရှိကြောင်း၊ အကြောင်းမဲ့ ဖမ်းဆီးမှုတစ်စုံတစ်ရာမရှိကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှား၍ ကြောက်လန့်စေရန် ရည်ရွယ် ချက်ရှိရှိဖြင့် ယခုကဲ့သို့ မဟုတ်မမှန်သည့် သတင်းမှားများ လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။