စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆)တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)နှင့်သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၆)တို့မှ ဗိုလ်လောင်းများသည် နည်းပြအုပ်ချုပ်သူများ လိုက်ပါ၍ အောက်တိုဘာ ၇ ရက်မှ ယနေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ၎င်းမြို့များရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြကာ တန်ခိုးကြီး ဘုရားစေတီများအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ထိုသို့လေ့လာခဲ့ကြရာတွင် မိတ္ထီလာမြို့ရှိတပ်မတော်စက်ရုံများကို လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် တပ်မတော်ဆေးရုံ များသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ဗိုလ်လောင်းများ ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားသည်။
အဆိုပါဗိုလ်လောင်းအဖွဲ့များသည် လေ့လာရေးကာလအတွင်း၌ မိတ္ထီလာမြို့ရှိ တန်ခိုးကြီး ဘုရား၊စေတီပုထိုးများကို လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်ကိုလည်းကောင် သွားရောက် လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။