သဘာဝဘေးကြောင့် တောင်ပြို၊ ပိတ်ဆို့ခဲ့သည့်  ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ် လမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ မော်တော်ယာဉ်များ သွားလာနိုင်ပြီဖြစ် နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက်

Tuesday, October 15, 2024 - 16:00

                ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း စက်တင်ဘာလ ၉ ရက် မှ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းအရှည် ၁၀၅ မိုင် အကျယ် ၁၈ ပေ ရှိ  ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ်သွားကားလမ်းပေါ်၌ တောင်ပြိုပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

                အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင် လမ်းဦးစီးဌာနများမှ သက်ဆိုင်ရာ လမ်းအပိုင်းအလိုက် စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်၍  ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ်များ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

                ယင်းသို့ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အောက်တို ဘာလ ၁၄ ရက်  နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။