(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs’ Meeting (18th ANCM) သို့တက်ရောက်ရန် အာဆီယံနိုင်ငံများမှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များရောက်ရှိ ၂၀၂၄/အောက်တိုဘာ( ၁၀ )ရက်

Thursday, October 10, 2024 - 18:15

          မြန်မာနိုင်ငံမှ ဒုတိယအကြိမ်လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီး ချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs’Meeting (18th ANCM)သို့တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ ယာယီရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊  ကမ္ဘောဒီးယားနိုင်ငံဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Sam Sokha  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊  ဗီယက်နမ်နိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ်  Rear Admiral Pham Nhu Xuan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံတပ်မတော်မှ ဒုတိယကြည်းတပ်ဦးစီးချုပ်  Major General Vanthong Bouttavong ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ ထိုင်းနိုင်ငံရေတပ်မှ Vice Admiral Puchong Pradittheera ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရေတပ်မှ Captain Taufik Darlem ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ မလေးရှားနိုင်ငံရေတပ်မှ Captain Mohd Irwan Bin Che Mohd Rani ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ဖိလစ်ပိုင်နိုင်ငံရေတပ်မှ Colonel Jose P Navarro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင်  နေပြည်တော်သို့ရောက်ရှိကြရာ စစ်ဦးစီး အရာရှိချုပ်(ရေ)ဗိုလ်ချုပ် အေးမင်းထွေး၊ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။