မြိုင်မြို့နယ်တွင် ယာခင်းထဲအလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ နေပြည်တော်၊ စက်တင်ဘာ ၉

Wednesday, October 9, 2024 - 17:45

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ယာခင်းထဲ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း နယ်မြေ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့်အကြောင်းနှင့်မျှ ဥပဒေမဲ့ ဖမ်းဆီးခေါ် ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံမှုမရှိသူများအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ပြစ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် အတွက် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။