တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ  နေပြည်တော်၊ အောက်တိုဘာ ၉

Wednesday, October 9, 2024 - 17:45

          ၂၀၂၄ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင် ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပသည်။

           ၂၀၂၄ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲအခမ်းအနားကို ဇေယျာသီရိ အားကစားရုံ (B) တွင်ကျင်းပပြုလုပ်ရာ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ်  ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းနှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းက လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းက  လည်းကောင်း ဆက်လက် အနိုင်ရရှိပြီး ဆုချီးမြင့်ပွဲဆက်လက်ပြုလုပ်ရာ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် နေရာ အလိုက် အကောင်းဆုံးဆုများနှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုများ၊ အမျိုးသား/ အမျိုးသမီး တတိယဆုရရှိ သည့်အသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ၊ အမျိုးသား/အမျိုးသမီး ဒုတိယဆုရရှိသည့် အသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး  အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုနှင့် တံခွန်စိုက်ဒိုင်းရရှိသော ရန်ကုန်တိုင်းစစ် ဌာနချုပ်အသင်းအား တပ်မတော်ဘော်လီဘောကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်  သက်ထွန်းဦးက တစ်ဦးချင်း ဆုတံဆိပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

 မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အားကစားအမျိုးအစားအလိုက်ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီးဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားကီလိုတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အားကစားသမားများ၊ လက်ထောက်နည်းပြ စွမ်းရည်ပြပြိုင်ပွဲတွင်ဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး  အကောင်းဆုံးဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ အားကစားအမျိုးအစားအလိုက်ဒိုင်းဆုများနှင့်   ရွှေ ၁၉ ခု၊ ငွေ ၁၂ ခု ၊ ကြေး ၄ ခု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စွယ်စုံတံခွန်စိုက်ဒိုင်းဆုနှင့်ဆင့်ပွားဒိုင်းဆုကို တပ်မတော်မြန်မာ့သိုင်းကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထူးမြတ်တိုး နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံတို့၌  ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီး ဆုချီးမြှင့်ပွဲဆက်လက်ပြုလုပ်ရာ အားကစားအမျိုးအစား အလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသောအသင်းများ၊   အလွတ်တန်းနှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ (ပထမ)ဒိုင်း ဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်း၊ ရွှေ၊ ငွေ ၊ ကြေး ဒုတိယ၊ တတိယ အများဆုံးရရှိသည့် အသင်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊ လေ)ပိုက်ကျော်ခြင်း ပြိုင်ပွဲ တွင် စွယ်စုံတံခွန်စိုက်ဒိုင်းရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းအား ဒုတိယစစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ် ထွန်းဝင်း နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။