ပိဋကတ်သုံးပုံပါဋိတော်ဆဋ္ဌသင်္ဂါယနာမူ ကျမ်းစာအုပ်များ စိစစ်တည်းဖြတ်ရေးကော်မတီဝင် ဆရာတော်ကြီးများက မြန်မာ/ ရိုမန်အက္ခရာဖြင့် စိစစ်တည်းဖြတ်ထားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း ကျောက်ထက်အက္ခရာရေးထိုးထားသော ပိဋကတ်သုံးပုံပါဋိတော်ဆဋ္ဌသင်္ဂါယနာမူ ၅၃ ကျမ်း၏ (In Design- AI + Offset Form) (softy copy) (Hard disk)ကို မြန်မာ/ ရိုမန်အက္ခရာဖြင့် စိစစ် တည်းဖြတ်ရာတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပထမမြောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သီလာနန္ဒာဘိဝံသနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သော ဗီယက်နမ်နိုင်ငံသား ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုသလဂုဏ၏ မေတ္တာရပ်ခံချက်အရ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပတိုးတက် ပြန့်ပွားစေရန်နှင့် ဗီယက်နမ်နိုင်ငံတွင် ပိဋကတ်သုံးပုံပါဋိတော်ဆဋ္ဌသင်္ဂါယနာမူ ၅၃ ကျမ်းအား ရွတ်ဖတ်ပူဇော်နိုင်ရေးအတွက် စာအုပ် ပုံနှိပ် ထုတ်ဝေနိုင်ရန် မေတ္တာရပ်ခံလာသဖြင့် အောက်တိုဘာလ ၃ ရက်၊ နံနက် ၁၀၀၀ နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဗဟိုဆောင်၊ ဘာဝနာမဟာသဘာတရားထိုင် ခန်းမ၌ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဇော်ဇော်ဦးနှင့် ကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေရေးကော်မတီဝင် တို့က ဗီယက်နမ်နိုင်ငံမှဆရာတော် ကိုယ်စားအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းသား ဗီယက်နမ် ရဟန်းတော် ဘဒ္ဒန္တ ပညာဒီပ(Vo Van Nhut)နှင့် ဗီယက်နမ် ရဟန်းတော်များ၊ သီလရှင်များထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။