စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်း ကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းစစ်/စာရင်းကောက်များ သည် ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်များအတိုင်း ကောက်ယူလျက်ရှိပြီး မသက်ဆိုင်သည့် အခြားအချက်အလက်များကို စစ်ဆေးခြင်း၊ ကောက်ယူခြင်းမရှိဘဲ ဖမ်းဆီးခြင်းများလည်းမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် စာရင်းအချက်အလက်များကောက်ယူရာတွင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်နေမှုအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက မနာလို၊ မရှုစိမ့်ဖြင့် သတင်းတု၊ သတင်းမှားကို ပြည်သူ လူထုအကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။