၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်        စတုတ္ထနေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိ နေပြည်တော်၊ အောက်တိုဘာ(၄)

Friday, October 4, 2024 - 17:30

          ၂၀၂၄ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံတစ်ဝန်း စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ကို အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ပြည်လုံးကျွတ်အဆင့် ကောက်ယူလျက် ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ကာ စတုတ္ထနေ့အဖြစ် စာရင်းစစ်/ကောက်များဟာ CAPI နည်းပညာဖြင့် Mobile Tabletများအသုံးပြုကာ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကောက်ယူမေးမြန်းခဲ့ကြရာ မေးမြန်းခံအိမ်ထောင် စုများကလည်း စာရင်းစစ်/ကောက်များရဲ့ မေးမြန်းမှုများအပေါ် မှန်ကန်ပြည့်စုံစွာ ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

          လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်း ကောက်ကွက် မေးခွန်းပုံစံ ၆၈ ခုနှင့် အဖွဲ့အစည်းစာရင်း ကောက်ကွက် မေးခွန်းပုံစံ ၁၈ ခုတို့ကို Mobile Tabletများ အသုံးပြုမေးမြန်း စာရင်းကောက်ယူပြုစုပြီး ရရှိလာသည့်အချက်အလက်များကို CAPI စနစ် အသုံးပြု၍ နေပြည်တော်ရုံးချုပ် Serverသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက် မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြား ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှု စီးပွားရေးဆိုင်ရာပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသား စာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကောက်ယူလျက်ရှိကြောင်းသိရသည်။