တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော်၊ နိုဝင်ဘာ ၃ ရက်

Thursday, October 3, 2024 - 16:30

          ၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင် ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးပြေး ခုန် ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနား ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ကျင်းပရာ အမျိုးသား /အမျိုးသမီး မီတာ-၄၀၀ ၄ ယောက်တွဲ လက် ဆင့်ကမ်းပြေးပြိုင်ပွဲ၊အမျိုးသား/အမျိုးသမီးမီတာ-၁၅၀၀ ပြေးပြိုင်ပွဲ ၊အမျိုးသား/ အမျိုး သမီး မီတာ-၁၀၀ ပြေးပြိုင်ပွဲများယှဉ်ပြိုင်ကစားပြီးဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသော အားကစားသမားများအား တပ်မတော် ပြေးခုန်ပစ် ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး မင်းမင်းအောင်နှင့် ဗိုလ်မှူးကြီး အေးမင်းသန့်တို့မှ လည်း ကောင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊  အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အသင်းတို့အား ဗိုလ်ချူပ် လှမိုး ကလည်းကောင်း အသီးသီးချီးမြှင့်သည်။

၂၀၂၄ခုနှစ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒို ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)တွင် လည်းကောင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(B)တွင် အမျိုးသား ကွာတားအဆင့်ပတ်လည် ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌  အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲချူပ်မှ တာဝန်ရှိသူများအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။