ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်များ အသိပေးကြေညာခြင်း

Thursday, September 19, 2024 - 16:15

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်း‌ငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်-

(၁)     ဒေါ်လဲ့လဲ့အေး၊  ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁

(၂)      ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁၁

(၃)     ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊  ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ