ပြည်ကြီးတံခွန်၊ ရွာသစ်ကလေးကျေးရွာတွင် တပ်မတော်က တပ်သားသစ် စုဆောင်းမှုအဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉

Thursday, September 19, 2024 - 16:00

          မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ဦးကျော်ကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တပ်မတော်နှင့် ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရှိရသည်။

        အဆိုပါသတင်းသည် တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံကိုအလုံးစုံ ပျက်သုဉ်းလိုသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ လူမဆန်သည့် လုပ်ရပ် များကို လက်မခံနိုင်သော မျိုးချစ်လူငယ်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို အမြဲတမ်းထမ်းဆောင်လိုသည့်အတွက် တပ်မတော်ထဲသို့ လာရောက် ဝင်ရောက်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ တက်ရောက်ရန်အတွက်လည်း မိမိဆန္ဒ အလျောက် လာရောက်ဆန္ဒပြုသူများလည်းရှိကြောင်း၊ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၅) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီး သော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ အဆိုပါမြို့နယ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။  ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေဖို့အတွက် နိုင်ငံပိုင်မီဒီယာများမှ စဉ်ဆက်မပြတ် ဖော်ပြပေးလျက် ရှိကာ ဆက်သွယ်မေးမြန်းနိုင်သည့် ဖုန်းနံပါတ်များသို့လည်း စုံစမ်းမေးမြန်းနိုင် ကြောင်းနှင့် ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်တက်စေရန်နှင့် လူငယ်များ လမ်းမှား ရောက်စေရန်ရည်ရွယ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ထုတ်လွှင့် နေခြင်းသာဖြစ်သည်။