မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စမုံဆည်ကျိုးကျ၍ ဆည်အောက် ဘက်ရှိ ကျေးရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရပြီး ရေပြန်ကျချိန်တွင် အပျက်အစီး များသည့်အတွက် အကူအညီလိုအပ်နေသည်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားထုတ်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ဆည်ရေကျိုးဖောက်ခြင်းမရှိကြောင်း၊ ဆည်ရေများပြည့်လျှံ၍ ဖောက်ချ ရမည့် အခြေအနေဖြစ်ပေါ်ပါက သက်ဆိုင်ရာသို့တင်ပြပြီး အသိပေးကြေညာချက် ထုတ်ပြန်ကာ ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွေ့ပြီးမှသာ ပြုလုပ် ရကြောင်း၊ ထို့အပြင် ရေဘေးသင့်ပြည်သူများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက ရေဘေးသင့် နေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ နေ့စဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်းကို ၎င်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက မီဒီယာကျင့်ဝတ် များအား ချိုးဖောက်၍ ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် လုပ်ကြံရေးသား ထားသည့် သတင်းအမှား ကိုဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။