ဇီးကုန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘော်ဘင်ရေလောင်တမံ ရေပြည့်လျှံ၍ ဆည်ရေဖောက်ချမှုကြောင့် ရေကြီးနစ်မြှုပ်မှုများဖြစ်ပွားနေသည်ဟု မဟုတ်မမှန် သတင်းများ‌ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၁၆ ရက်

Monday, September 16, 2024 - 18:15

          ပဲခူးတိုင်းဒေသကြီး(အနောက်)သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ဘော်ဘင်ရေလောင်တမံရေပြည့်လျှံ၍ ဆည်ရေဖောက်ချ မှုကြောင့် ရေကြီးနစ်မြှုပ်မှုများဖြစ်ပွားနေသည်ဟု မဟုတ်မမှန်သတင်းများ‌အား တရားမဝင်ပြည်ဖျက်ပြည်ဖျက်မီဒီယာ Tharyarwaddy 8 City ကရေးသား ထုတ်ဝေ လျက်ရှိကြောင်း သိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ဆည်ရေဖောက်ချခြင်းမရှိကြောင်း၊ လိုအပ်၍ ဆည်ရေများပြည့်လျှံပြီး ဖောက်ချရမည့်အခြေအနေဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့တင်ပြ၍ အသိပေး ကြေညာချက်ထုတ်ပြန်ပြီး ဒေသခံပြည်သူများကိုဘေးလွတ်ရာသို့ရွေ့ ပြောင်းပြီးမှသာ ပြုလုပ်ရကြောင်း၊ မိမိတို့သဘောဖြင့် ပြုလုပ်၍မရကြောင်းကို အဆိုပါသက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါသတင်းသည် နိုင်ငံတော်အစိုးရအပေါ် ပြည်သူ လူထုကအထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ရေးသား ခြင်းသာဖြစ်ကြောင်းသိရသည်။