မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများ၏ ပြောကြား ချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုဖြင့် အကြမ်းဖက်သောင်းကျန်း သူများ ခိုအောင်းနေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နှင်းရေးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ပုထိုးများအား ဘတ်ဟိုးများဖြင့် ဖြိုချ ဖျက်ဆီးခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများကို အကာအကွယ်ရယူကာ တိုက်ပွဲများဖော်ဆောင် နေခြင်းနှင့် Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းများ ကျူးလွန်လျက်ရှိသည်ကို ပြည်သူများ အသိပင်ဖြစ်ကြာင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ များက ဘာသာရေးနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။