ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မှတ်ပုံတင် နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ  တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တ

Friday, September 13, 2024 - 17:30

ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၀ ရက်တွင် ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည် တင်ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး၍ မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သား သစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်း အမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ညောင်တုန်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ မြို့၊ ရွာများအတွင်း ဝင်ရောက် ၍ တရားမဝင်လက်နက်ခဲယမ်းများ သယ်ဆောင်ကာ အကြမ်းဖက်လုပ်ရပ်များ မလုပ် ဆောင်နိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျစစ်ဆေးရှာဖွေခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ လွယ်ကူစွာဝင်ထွက်သွားလာနိုင်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မှန်ကန်မှုမရှိ သည့် သတင်းဓာတ်ပုံများဖြင့် သတင်းမှားများကို ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။